◼လူတွေက ရည်းစားနဲ့ ပြတ်တဲ့အခါ
ငါ့အတွက် သူမရှိတော့ဘူးဆိုတဲ့စိတ်နဲ့
ပြိုလဲကြရတယ်။
◼သူငယ်ချင်းတစ်ယောက် က အခြားတစ်ယောက်နဲ့ ပိုချစ်ခင်သွားကြတဲ့အခါ
ငါက ကောင်းပါလျက် ငါ့ကိုထားသွားရက်လိုက်တာ ဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းကြရတယ်။
◼အဖွဲ့အစည်းတစ်ခု၊နေရာတစ်ခုကနေ သူစိမ်းနေရာ၊သူစိမ်းတွေကြားထဲ ပြောင်းရွှေ့လုပ်ကိုင်ကြရတဲ့အခါ ကြေ ကွဲသောက
ဖြစ်ကြရတယ်။
◼ကိုယ့်အတွက် ကိုယ်အမြဲပါနေတာ။
ကိုယ့်ရှင်သန်မှုအတွက် ကိုယ်တိုင်ဖြစ်တည်ရှင်သန်ရ၊ရုန်းကန်နေရတာကို မေ့လျော့နေခဲ့ကြတယ်။တကယ်တော့ ကိုယ့်ဘယ်ဘက်လက် အလုပ်လုပ်တဲ့အခါ ညာဘက်လက်က
ဖြည့်ဆည်းကူညီပေးနိုင်တယ် ဆိုတာကို
မေ့နေခဲ့ကြတယ်။
◼ကိုယ့်နှလုံးသားက နာကျင်တဲ့အခါ
ကိုယ့်ဦးနှောက်က ထိန်းချုပ်ကူညီပေးနိုင်တာကို မေ့နေခဲ့ကြတယ်။ကိုယ့်အတွက်ကိုယ်
အလိုအပ်ဆုံးဆိုတာကို မေ့နေခဲ့ကြတယ်။
◼ တကယ်တော့ ကျွန်တော်တို့အတွက်
အလိုအပ်ဆုံးဟာ ကျွန်တော်တို့ပါပဲ။
◼ကိုယ့်ရဲ့ကျရှုံးမှုအတွက် ကိုယ်ကိုယ်တိုင်
ရုန်းထ မရှင်သန်နိုင်ရင် ဘဝတိုက်ပွဲမှာ အပြီးရှုံးနိမ်သွားပြီးပဲ မဟုတ်လား။
ဘဝတစ်ခုလုံး ကျွန်တော်တို့ကျရှုံးသွားမှာပဲ။
◼ဘယ်သူတွေ ဘယ်လောက်ပဲ တွဲထူဖေးမ
နေပါစေ၊ကျွန်တော်တို့ ထလိုစိတ်မရှိတဲ့အခါ
မတ်တပ်ရပ်နိုင်ပါမတဲ့လား။
◼မိဘက ဘယ်လောက်ပဲ ပညာရှင်ဖြစ်အောင်
ကျောင်းပေါင်းစုံထားပေးနိုင်ပါစေ၊ ကြိုးစားဖြစ်တည်လိုစိတ် ကိုယ့်မှာသာ မရှ်ိတဲ့အခါ
နယ်ပယ်တစ်ခုရဲ့ ပညာရှင် ဖြစ်လာပါမတဲ့လား။အဲ့ဒီအတွက် ကိုယ့်အတွက်ကိုယ်ရှိနေရပါမယ်။ကိုယ့်ရှင်သန်မှုအတွက် ကိုယ်ရုန်းကန်နေရမှာပဲ။
◼ဘယ်သူတွေ ဘယ်လောက်ပဲတွန်းချပါစေ၊
ငါ့အတွက် ငါရှိတယ်ဆိုတဲ့ စိတ်နဲ့
အမြင့်ဆုံး ရောက်အောင်တက်ရပါမယ်။
◼ဘယ်သူတွေ ဘယ်လောက်ပဲ စိတ်ဓာတ်
ကျအောင်လုပ်နေပါစေ၊
ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်နဲ့ တွန်းကန်ရှင်သန်ရပါမယ်။
◼ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြိုလဲသွားပါစေ၊ ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်နဲ့
ရုန်းထရှင်သန်ရပါမယ်။
◼ကျွန်တော်တို့ စိတ်ထဲမှာ
အမြဲမှတ်ထားရမှာ
"ငါ့အတွက် ငါရှိတယ်”ဆိုတာပါပဲ။
#လင်းရောင်စင်
"ငါ့အတွက် ငါရှိတယ် " စာအုပ်မှ ကောက်နုတ်ချက်အချို့
-----