02 Mar
02Mar

လူ့ဘ၀မှာ ကျေနပ်စရာများ

•••••~•••••~•••••~•••••~•••••

Dr အရှင်နန္ဒမာလာဘိဝံသပါမောက္ခချုပ် 

ဆရာတော်ဘုရားကြီး ....


⚘⚘⚘


ဘ၀မှာ ကျေနပ်စရာတွေဆိုတာ 

 တခြားဟာတွေကို ပြောတာမဟုတ်ဘူး ...


💠 ငါးပါးသီလရှိရင်လည်း 

   ကျေနပ်စရာ ကောင်းတယ်၊ 


💠 ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ 

   ကြည်နူးမှု ရတာလည်း ကျေနပ်စရာ ကောင်းတယ်၊ 


💠 တရားဂုဏ်ကို အာရုံပြုပြီးတော့ 

   ကြည်နူးမှု ရတာလည်း ကျေနပ်စရာကောင်းတယ်၊ 


💠 သံဃာဂုဏ်ကို အာရုံပြုပြီးတော့ 

   ကြည်နူးမှု ရတာလည်း ကျေနပ်စရာကောင်းတယ်။ 


💠 ကိုယ့်သီလကို ကိုယ်ဆင်ခြင်ပြီးတော့ 

    ကြည်နူးမှု ရတာလည်း ကျေနပ်စရာကောင်းတယ်၊ 


🍂ကျေနပ်စရာ(၅)မျိုး 

ဘ၀မှာ ကျေနပ်စရာတွေ။


 မြတ်စွာဘုရားက ..

 အဲဒီအချက်အလက်တွေနဲ့ ပြည့်စုံရင် 

 နောက်ဘ၀တွက် မစိုးရိမ်နဲ့တော့ 

 စိုးရိမ်စရာမရှိတော့ဘူး။ 

 ငရဲမရှိတော့ဘူး။ 

 တိရစ္ဆာန်ဖြစ်ဖို့ မရှိတော့ဘူး။


 🌻အခက်အခဲကြုံတိုင်း 

 အခက်အခဲကြုံသည်ဖြစ်စေ ၊ မကြုံသည်ဖြစ်စေ ၊ ကိုယ့်ဘ၀မှာ အမှတ်ရနေရမှာကတော့မြတ်စွာဘုရားပဲ ။


ဘုရားရဲ့ဂုဏ်တော်တွေကို အမှတ်ရလိုက်ပါ၊   

ဘုရားကို အာရုံပြုပြီးတော့ 

နှလုံးသွင်းဆင်ခြင်နေပါ။ 


 တရားကို အာရုံပြုပြီးတော့

 နှလုံးသွင်းဆင်ခြင်နေပါ။


 ဒေါသကင်းတဲ့အကျင့် ....

 ကောင်းမြတ်တဲ့အကျင့်...

မေတ္တာတွေပွားပါ ၊

 ပွားလို့ရှိရင် 

 အဲ့ဒါတွေဟာ နတ်ပြည်ရောက်ဖို့ရာအတွက် ကောင်းရာသုဂတိ ရောက်ဖို့ရာအတွက် 

 ဖြစ်ပါလိမ့်မယ်။ 


 🎋ကိုယ့်မှာလှူစရာတွေရှိရင် ...

 ကုသိုလ်ရှာတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် ...

 ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီးတော့ 

 ကိလေသာ ငြိမ်းအောင်ကျင့်နေတဲ့ 

 ပုဂ္ဂိုလ်တွေကို လှူလိုက်ပါ။ 


 မင်းလှူတဲ့ အလှူဟာ အင်မတန်မှ 

 ကြီးကျယ် ကျယ်ပြန့်တဲ့ အကျိုးတရားတွေ မင်းဆီယူဆောင်လာပါလိမ့်

မယ်။


 ငါးပါးသီလပြည့်စုံတယ်၊ 


 ဘုရားဂုဏ်ကို အာရုံပြုနိုင်တယ်၊ 


 တရားဂုဏ်ကို အာရုံပြုနိုင်တယ်၊ 


 သံဃာဂုဏ်ကို အာရုံပြုပြီး 

 လှူနိုင်တန်းနိုင်တယ် ကျေနပ်စရာကြီးပေါ့။ 


 ဘ၀မှာ ကျေနပ်စရာကောင်းတဲ့ 

 အချက်တွေရလာပြီဆိုရင် 

 ငါတို့ဟာ တကယ့်အရတော်တဲ့ 

 ုပြန်လည်မျှဝေပါသည်။လူဘ၀ရပြီဆိုပြီးတော့ ကိုယ်စီကိုယ်စီ 

ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာဖြစ်တယ်။


ပါမောက္ခချုပ်ဆရာတော်ကြီး 

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


 🙏🙏🙏


Thanks to the original author.


© ပြည့် ဖြိုး မောင်

I BUILT MY SITE FOR FREE USING