#တချို့နေ့တွေလည်း
..... အဆင်ပြေပြေ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်ရတယ်။
#တချို့နေ့တွေလည်း
....ခက်ခက်ခဲခဲ၊ ခဲခဲယဥ်းယဥ်းနဲ့ ကုန်ဆုံးရတယ်။
#တချို့နေ့တွေလည်း
....လွယ်ကူမှန်း ခဲယဥ်းမှန်းတောင် မသိပဲ
ဖြတ်သန်းရတယ်။
ဒါ.... ဘဝပဲ။
သေချာတယ်...
သင့်ရဲ့နေ့ရက်တိုင်းကတော့ မသာယာနိုင်ဘူး။
အရာအားလုံးကလည်း အဆင်ပြေ မချောမွေ့နိုင်ဘူး။
အရေးကြီးတာက..
မသာယာတဲ့နေ့တွေကို
အဆင်ပြေသယောင်နဲ့
ဘယ်လိုဖြတ်သန်းမလဲဆိုတာပါပဲ။
တကယ်ဆို...
ပြဿနာရှိတာက အဓိကမဟုတ်ဘူး။
လူတိုင်းမှာ ပြဿနာတစ်ခု
သို့မဟုတ် တစ်ခုရှိကြတယ်။
ဖြစ်လာတဲ့ ပြဿနာအပေါ်မှာ
ထားရှိတဲ့ သင့်ရဲ့ စိတ်နေစိတ်ထား၊
ပြဿနာကို ကိုင်တွယ်
ဖြေရှင်းနိုင်တဲ့ သင့်သဘောထားနဲ့
သင့်အရည်အချင်းကသာ အဓိကပါ။
#ထီးကလေး